နောက်ဆုံး ရေးသားချိန် 8 ဇူလိုင်လ 2011 - 01:20 GMT

မြန်မာကို ပိုဖိအား ပေးဖို့ အိုဘားမားကို တောင်းဆို

McCain

ဂျွန်မက်ကိန်း လိုသံတမန်ရေး အရ စကားပြောတာ ကိုလက်ခံပေမယ့် ဖိအားလည်း ထိရောက်အောင် ပေးဖို့လိုတယ်လို့ ဆို

အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ဖို့ ဥပဒေတွေ ပြဌာန်းထား ပေမယ့် ထိထိရောက်ရောက် အကောင် အထည် မဖော်ဘူး ဆိုပြီး၊ US Campaigh for Burma (USCB) နဲ့အတူ၊ အမေရိကန် အခြေစိုက် ထိပ်တန်း လူ့အခွင့် အရေး အဖွဲ့ အစည်း ၂၀ နဲ့ ကုလ သမဂ္ဂ ဆိုင်ရာ သံအမတ် ဟောင်း တဦး တို့က သမ္မတ အိုဘားမား ဆီကို ဒီထက် ပိုဆောင်ရွက် ပေးဖို့ တိုက်တွန်း စာတစောင် ပေးပို့ ခဲ့ကြပါတယ်။

သူတို့က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို စစ်ဆေးဖို့ ကုလ သမဂ္ဂ က စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ ပေးအောင် အမေရိကန်က တွန်းအား ပေးဖို့လည်း တောင်းဆို ကြပါတယ်။

USCB အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးအောင်ဒင်က အမေရိကန် အစိုးရဟာ မြန်မာ အစိုးရ ခေါင်းဆောင် တွေနဲ့ သူတို့ နဲ့ ဆက်သွယ်ကြီးပွား နေတဲ့ စီးပွားရေး သမား တွေကို ပစ်မှတ်ထား အရေးယူ ပေမယ့် ထိရောက်မှု မရှိဘူးလို့ဆိုပါတယ်။

ဒါ့အပြင် အဲဒီလူတွေ ပြည်ပမှာ ပိုင်ဆိုင်ထားတဲ့ ငွေကြေး နဲ့ ပိုင်ဆိုင်မှုတွေကို လက်ခံထားတဲ့ ဘဏ်တွေကို အရေးယူဖို့ ပြဌာန်း ထားတဲ့ ဥပဒေတွေကိုလည်း အကောင်အထည် ဖော်တာမတွေ့ရဘူး လို့ဆိုပါတယ်။

တခါ မြန်မာနိုင်ငံ လူ့အခွင့်အရေး နဲ့ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖို့ တောင်းဆိုရာမှာ အမေရိကန်က ထောက်ခံ ယုံနဲ့ မလုံလောက်ဘဲ ဦးဆောင်ဦးရွက် ပြုဖို့ လိုအပ်တယ်လို့ ဦးအောင်ဒင်က ဘီဘီစီကို ပြောခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။