
ဇူလိုင် ၈ ရက် မနက်ခင်းမှာ ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရ
ဇူလိုင်လ ၇ ရက်နေ့ဟာ ကျောင်သား သမဂ္ဂ အဆောက်အဦကို ဖြိုချ ဖျက်ဆီးပြီး ရာချီတဲ့ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တာ ၄၉ နှစ် ပြည့် မြောက်တဲ့ နေ့ ဖြစ်ပါတယ်။
ဒီမို ကရေစီ နည်းနဲ့ ရွေးကောက် တင်မြှောက် ထားတဲ့ အစိုးရကို ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဖြုတ်ချပြီး ၁၉၆၂ ခုနှစ်က အာဏာ သိမ်းခဲ့ ရာမှာ ကျောင်းသား သမဂ္ဂက ချက်ချင်း ကန့်ကွက် ခဲ့ပါတယ်။
၁၉၆၂ ခုဇွန်လ မှာတော့ အစိုးရက ကျောင်းဆောင် စည်းကမ်းတွေ တင်းကြပ်တဲ့ ဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၇ ရက် သတင်းရေးသားခဲ့တဲ့ သတင်းစာ
ကျောင်းဆောင် စည်းကမ်း တွေဟာ သူတို့ကို ဖိနှိပ် လိုတဲ့ အတွက် အကြောင်းရှာ ရန်စတာလို့ ကျောင်းသား တွေက ယူဆပြီး ကန့်ကွက် တိုက်ဖျက် ခဲ့ကြပါတယ်။
ကျောင်းဆောင် စည်းကမ်း တွေကို ကန့်ကွက်တဲ့ ဆန္ဒ ပြပွဲနဲ့ စစ်အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဇူလိုင် လဆန်းမှာ စတင် ပြုလုပ် ခဲ့ပါတယ်။
ဇူလိုင်လ ၇ ရက် မှာတော့ ဆန္ဒပြ ကျောင်းသား တွေကို စစ်တပ်က ပစ်ခတ်ခဲ့ရာမှာ ကျောင်းသား ၁၇ ယောက်သာ သေတယ်လို့ အစိုးရက သတင်း ထုတ်ပြန် ခဲ့ပြီး ကျောင်းသား ၁၀၀ ကျော် သေဆုံး တယ်လို့ ကျောင်းသား တွေက ဆိုပါတယ်။
ဇူလိုင်လ ၈ ရက် မနက်ခင်း မှာတော့ နယ်ချဲ့ ဆန့်ကျင် ရေးမှာ အရေးပါခဲ့တဲ့ သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက် အဦ ကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖျက်ဆီး ခဲ့ပါတယ်။

ရာကျော် ကျောက်တိုင်နဲ့ ယာယီ သမဂ္ဂ
ဖျက်ဆီးခဲ့တဲ့ သမဂ္ဂ အဆောက်အဦ နေရာမှာ ယာယီ ကျောင်းသား သမဂ္ဂ အဆောက် အဦနဲ့ သေဆုံးသူ ကျောင်းသား ၁၀၀ ကျော်ရဲ့ အထိမ်း အမှတ် ရာကျော် ကျောက်တိုင် စိုက်ထူခဲ့ပါတယ်။
နောင်မှာ အဲဒီကျောက်တိုင်နဲ့ ယာယီ အဆောက်အဦ လည်း ဖျက်ဆီးခံ ခဲ့ရပါတယ်။
၁၉၅၄ ခုနှစ် ကျောင်းသား သမဂ္ဂ အမှုဆောင် ဟောင်း ဦးသန်းတင်က ကျောင်းသား ရှိရင် သမဂ္ဂ ရှိရမယ်လို့ ခံယူပြီး ကျောင်းသား သမဂ္ဂ ပြန်လည် တည်ဆောက်ဖို့ ရံပုံငွေ ဆယ်သိန်း ကို ဒေါ်အောင်ဆန်း စုကြည်ဆီ အပ်နှံ လှူဒါန်း ခဲ့ပါတယ်။
သူဘယ်လို မျှော်မှန်းချက်နဲ့ အခုလို လှူဒါန်းခဲ့တယ် ဆိုတာကို ကိုချိုက မေးမြန်း ထား ပါတယ်။
အင်တာဗျူး အပြည့် အစုံကို အသံဖိုင်မှာ နားဆင် နိုင်ပါတယ်။
ဒီမီဒီယာကို ဖွင့်၍မရပါ

