နောက်ဆုံး ရေးသားချိန် 7 ဇူလိုင်လ 2011 - 17:36 GMT

မြန်မာ​ကို ဂျပန် ODA ပြန်​ပေးမယ်

ဂျပန်ပါလီမန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာကီကို ကီကူတာဟာ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်လို့ အစိုးရနဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို တွေ့ခဲ့ အပြီး အခုတော့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ODA ပင်လယ်ရပ်ခြား ထောက်ပံ့ ရေး အကူအညီတွေ ပေးမယ်လို့ သိရပါတယ်။

daw suu and jap deputy minister

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ပါလီမန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကီကူတာ

မြန်မာနိုင်ငံမှာ မကြာခင်က ဖြစ်ခဲ့တဲ့ ဖြစ်ပေါ် တိုးတက်မှုတွေဟာ အပြုသဘော ဆောင်တယ် လို့ ဂျပန်က ယူဆတယ်၊ အပြည့်အဝ တိုးတက်မှု တော့ မရှိသေးဘူး၊ မစ္စ ကီကူတာနဲ့ တွေ့ဆုံမှုမှာ အစိုးရဘက်က အပြုသဘော တုန့်ပြန်လို့ ODA နဲ့ ပတ်သက်ပြီး လျှော့ပေါ့ပေးဖို့ ရှိတယ်လို့ ဂျပန် နိုင်ငံခြားရေး ရုံးက ပြောခွင့်ရ ပုဂ္ဂိုလ် ဟီဒီနိုဘူ ဆိုဘာရှီမာက ဘီဘီစီကို ပြောပါတယ်။

ဂျပန်ရဲ့ မူဝါဒက လူသားချင်းစာနာတဲ့အတွက် တကယ်လိုအပ်တဲ့ နေရာတွေကို အကူအညီ ပေးမယ်၊ မြန်မာ အစိုးရဘက်က လိုအပ်ချက်တွေကို တင်ပြလာရင် ကိစ္စရပ် တခုချင်းအလိုက် စဉ်းစားပေးသွားမယ်လို့လည်း ဂျပန်နိုင်ငံရဲ့ သဘောထားကို မစ္စတာ ဆိုဘာရှီမာက ပြောပါတယ်။

ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးကို ဂျပန်က လက်ခံစဉ်းစားတယ်လို့ သူက ဆိုပါတယ်။

မြန်မာကို ဂျပန်က အကူအညီတွေ ပြန်ပေးမယ်ဆိုပေမယ့် မြန်မာနိုင်ငံက ဒီမိုကရေစီ ရေးနဲ့ လူ့အခွင့်အရေး တိုးတက်ဖြစ်ထွန်းမှုတွေကိုတော့ စောင့်ကြည့်သွားဖို့ ဂျပန်က သဘောထား တဲ့အကြောင်း မစ္စတာ ဆိုဘာရှီမာက ဘီဘီစီကို ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။