
ပုဂံ ဘုရား တဆူ အတွင်း ပန်းဆီမီး ပူဇော် နေတဲ့ ဒေါ်စု တို့ သားအမိ
ပုဂံ ကို သားနဲ့ အတူ မိသားစု ဘုရားဖူး ဖို့ တနင်္လာနေ့ က ရောက်ရှိခဲ့တဲ့ ဒေါ်အောင် ဆန်း စုကြည် ဟာ အင်္ဂါနေ့ မနက် ပိုင်းမှာ တော့ ပုဂံ ဘုရား အချို့ ကို လှည့်လည် ဖူး မျှော် ခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ သားငယ် ကိုထိန်လင်း ဟာ အာနန္ဒာ ဘုရား၊ သဗ္ဗေညု ဘုရား၊ မြစေတီ နှင့် မနူဟာ ဘုရား တို့ကို သွားရောက် ကြည်ညို ခဲ့ကြ ပါတယ်။
လူထု ပရိဿတ် တွေ လာတွေ့ တာမျိုး မဖြစ်အောင် အစိုးရ အာဏာပိုင် တွေ က ဒေသတွင်း မှာ တားဆီး ထားပေမယ့် ဒေသတွင်း က ဟုတ်ပုံ မရ တဲ့ တခြား ပုဂံ ဘုရားဖူး တွေက တော့ ဒေါ်အောင်ဆန်း စုကြည် ကို လာရောက် တွေ့ဆုံ ကာ ဆုမွန် တောင်းကြ တယ် လို့ ပုဂံ ကို ရောက်နေတဲ့ သတင်းထောက် တွေ က ဘီဘီစီ ကို ပြော ပါတယ်။
အခု ဒေါ်အောင်ဆန်း စုကြည် ဘုရားဖူး ထွက်တဲ့ ကိစ္စ ကို မိသားစု သာမန် ခရီးစဉ် လို့ ပြောဆိုမှု တွေ ရှိသလို ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ရဲ့ လွတ်လပ်မှု အပေါ် စမ်းသပ် တဲ့ ခရီးစဉ် လို့ လည်း ပြောဆို သုံးသပ်မှု တွေရှိနေ ပါတယ်။

