နောက်ဆုံး ရေးသားချိန် 4 ဇူလိုင်လ 2011 - 16:38 GMT

ဦးသိန်းညွန့် ပါတီသစ်ထောင်

NDF

ဦးသိန်းညွန့် (ဝဲအစွန်) ဟာ NDF ပါတီဝင်ဟောင်းဖြစ်

သင်္ဃန်းကျွန်းက တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် ဦးသိန်းညွန့်က ဦးဆောင်ပြီး 'အမျိုးသားဒီမိုကရေစီ ပါတီသစ်' အမည်နဲ့ ပါတီသစ်တစ်ခု ထူထောင်မယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ဦးသိန်းညွန့်အပါအဝင် သင်္ဃန်းကျွန်းကနေ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး အနိုင်ရတဲ့ အမတ် လေးဦးဟာ ရွေးကောက်ပွဲဝင်တုန်း ကတော့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကနေ ဝင်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ပါတီရဲ့ ရံပုံငွေကိစ္စ အပေါ် သဘောထားကွဲရာကအစ ပါတီကနေ ထုတ်ပယ် ခံခဲ့ရသလို ရွေးကောက်ပွဲကော်မရှင်ကလည်း နောက်ပိုင်းမှာ သူတို့ကို တစ်သီးပုဂ္ဂလ အမတ်တွေအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အခု ပါတီသစ်မှာ ဦးသိန်းညွန့်၊ ဦးကြည်မြင့်၊ ဦးဖုန်းမြင့်အောင်၊ ဦးကျော်၊ ဒေါ်စန်းစန်းမြင့် စတဲ့အမတ်တွေအပြင် ဟစ်ဟော့ပ်အဆိုတော် ရသလည်း ပါဝင်လာတယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ပါတီသစ်အဖြစ် မှတ်ပုံတင်ဖို့ကိစ္စကိုတော့ ရွေးကောက်ပွဲကော်မရှင်ဆီကို လျှောက်ထားလိုက် ပြီလို့လည်း သူက ပြောပါတယ်။

ဦးသိန်းညွန့်နဲ့ NDF ပါတီ ခေါင်းဆောင်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ် အမှုဆောင် ကောမတီဝင်ဟောင်း တွေလည်း ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။