ဒီမီဒီယာကို ဖွင့်၍မရပါ

အလင်္ကာပုလဲပန်း ထားဝယ် အခေါ်အဝေါ်များ
ဗမာမှာ ကလေးငယ်တွေကို ပူတူးတူးလေး၊ သားသား၊ မီးမီး ခေါ်တတ်ကြသလို ရခိုင်က အဘုရှေ၊ ဘုရှေ လို့ ခေါ်ပါတယ်။ ထားဝယ်ကလည်း ဖစု၊ မိစု လို့ ခေါ်ပါတယ်။ တချို့ ထားဝယ် ကျေးရွာတွေမှာတော့ နှီးလောက်လား၊ နှီးပ္လားလား လို့ခေါ်ကြပါတယ်။
အဖိုးအဖွားတွေကိုတော့ ဖအို၊ မိအို၊ အိုဇား၊ အိုသီး ဆိုတဲ့ အခေါ်မျိုးလည်း ခေါ်ကြပါတယ်။
လူနာမည်မှာ နောင်ကို ရှေ့မှာ တပ်ခေါ်ပါတယ်။ ကိုနဲ့ အဓိပ္ပါယ်တူလို့ ကောက်ယူစရာ ဖြစ်ပါတယ်။
လှထွန်းခင်၊ မြလွန်းခင်ဆိုတဲ့ နာမည်မျိုးမှည့်ခေါ်တတ်သလို၊ ဒေါ်ဆယ့်လေးမေ၊ ဒေါ်ရွှေမြို့သူ ဆိုတဲ့ ထူးခြားတဲ့ နာမည်မျိုးတွေလည်း တွေ့ရပါတယ်။
BBC © 2013 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။