နောက်ဆုံး ရေးသားချိန် 8 ဇွန်လ 2011 - 01:26 GMT

သီတဂူဆရာတော်ရဲ့ ဗုဒ္ဓတက္ကသိုလ် ဖွင့်ပွဲ

Sitagu Sayadaw

လူမှုရေး ဘာသာရေး အလုပ်တွေ မနားတန်း လုပ်နေတဲ့ ဆရာတော်ကြီး

ကမ္ဘာ့ ဗုဒ္ဓသာသနာပြု သီတဂူ ဆရာတော်ကြီးက ရန်ကုန်မှာ ရှိတဲ့ နိုင်ငံတကာ ဗုဒ္ဓသာသနာ့ တက္ကသိုလ်ဖွင့်ပွဲကို လာမဲ့ ၁၆ ရက်ကနေ ၂၀ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပဖို့ စီစဉ်နေပါတယ်။

အဲဒီပွဲကို အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေကို ပါ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ပွဲ အစီအစဉ် ငါးရက်မှာ တရက်ကို အစိုးရ အရာရှိကြီးတွကို ဖိတ်ထားပြီး နောက်တရက်မှာတော့ နိုင်ငံရေး အဖွဲ့ပေါင်း ၃၁ ဖွဲ့ကို ဖိတ်ထားတယ်လို့ ဆရာတော်ကြီး ဦးဉာဏိဿရက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးအဖွဲ့ဆိုတဲ့ အထဲမှာလည်း အတိုက်အခံတွေ အစိုးရတွေ မရှိပဲ အားလုံးကို ငြိမ်းချမ်း ညီညွတ်စေချင်တဲ့ သဘောနဲ့ တူညီသော လမ်းကြောင်းပေါ်မှာ အားလုံး လက်တွဲ လမ်းလျှောက်ကြပါစို့ဆိုတဲ့ မူနဲ့ လုပ်ဆောင်နေတယ်လို့လဲ ဆရာတော်ကြီးက ပြောပါတယ်။

လူတွေအားလုံး မေတ္တာ နဲ့ ကရုဏာဆိုတဲ့ ဘုံရပ်တည်ချက်နဲ့ အတူသွားနိုင်ဖို့ ရည်ရွယ်တယ်လို့လဲ ဆိုပါတယ်။

အဲဒီနေ့ကျရင် နိုင်ငံရေး အဖွဲ့တွေ အားလုံးကို ဆရာတော်ကြီးက တရား ဟောဦးမယ်လို့လဲ သိရပါတယ်။ ဘယ်လို တရားမျိုး ဆိုတာကိုတော့ အဲဒီနေ့ကိုသာ စောင့်ကြည့်ပါလို့ မိန့်ကြားသွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။