နောက်ဆုံး ရေးသားချိန် 6 ဇွန်လ 2011 - 22:05 GMT

အကျဉ်း​ကျ​သံဃာ စိတ်​ဒဏ်​ရာရ

အကျဉ်းကျ သံဃာတော်တွေဟာ ထောင်ထဲမှာ အခြေအနေ ဆိုးရွားပြီး အခုတော့ စိတ်ဒုက္ခတွေပါ ရောက်နေတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

daw shu

သံဃာတော်တွေကို ကြည်ညိုလို့ ထောင်ကျ သံဃာတွေကို ထောက်ပံ့ကူညီသူ ဒေါ်ရှု

ထောင်ဒဏ် ၉ နှစ် ကျခံ နေရတဲ့ ရေနံချောင်း ရွှေစေတီ ကျောင်းတိုက်က ဦးရေဝတဟာ တခြား ထောင်ကျ အကျဉ်းသား တဦးက ရိုက်နှက်လို့ ခေါင်းကို ထိခိုက်ပြီး ဝေဒနာ ခံစား နေရတယ်လို့ ဦးရေဝတရဲ့ မယ်တော်က ဘီဘီစီကို ပြောပါတယ်။

ခေါင်းနောက်စေ့ကို အရိုက်ခံရတာ ဖြစ်တယ်၊ ထောင်ဝန်ထမ်းတွေက အဲဒီလို ရိုက်တာကို မြင်ပေမယ့် ဘာမှ မပြောကြဘူး၊ တိုင်တာကို လည်း ထောင်မှူးက အရေး မယူ ပေးဘူးလို့ ဇွန်လ ၅ ရက်နေ့က ထောင်ဝင်စာ တွေ့ခဲ့တဲ့ မယ်တော် ဖြစ်သူက ဆက်ပြော ပါတယ်။

ခန္တီးထောင်မှာ ထောင်ဒဏ် ၈၄ နှစ် ကျခံ နေရတဲ့ မန္တလေးက ဦးပါကဋ ကတော့ မိဘ နှစ်ပါးကို မပြောပါနဲ့၊ မိဘတွေ စိတ်ဒုက္ခရောက်မှာ စိုးလို့ပါလို့ ပြောဆိုတဲ့ အကြောင်း ထောင်ကျ သံဃာတော်တွေကို ကူညီပြီး ထောင်ဝင်စာ တွေ့ပေး နေတဲ့ ပြည်သူ့ ဂုဏ်ရည် ဆုရှင် ဒေါ်ရှုက ဘီဘီစီကို ပြောပါတယ်။

မန္တလေးကပဲ လေသာကျောင်းက ထောင်ဒဏ် ၈ နှစ် ချမှတ် ခံထားရတဲ့ ဆရာတော် ဦးသုမန ခေါ် စာရေးဆရာ မင်းဆက် ကတော့ စိတ်ဝေဒနာတောင် ခံစားနေရပေမယ့် ဆေးကုသမှု လည်း မပေးဘူးလို့ ဒေါ်ရှုက ဆက်ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။