နောက်ဆုံး ရေးသားချိန် 4 ဇွန်လ 2011 - 01:56 GMT

ပြည်တွင်းမှာ ARV ဆေးဝါး အဓိက လိုအပ်နေဆဲ

hiv

အေအိုင်ဒီအက်စ ရောဂါ သတ်မှတ်တာ နှစ် ၃၀ ပြည့် လာ

မြန်မာ နိုင်ငံက အိပ်ချအိုင်ဗွီ ကူးစက် ခံနေရသူတွေ အတွက် အဓိက လိုအပ် ချက် ဟာ ARV ဆေးဝါး ဖြစ်တယ် လို့ အေအိုင်ဒီအက်စ ဝေဒနာ သည်တွေ ကို အနီးကပ် ပြုစု စောင့်ရှောက် ကူညီနေတဲ့ အဖွဲ့ က မဖြူဖြူသင်း က ဘီဘီစီ ကို ပြောပြ ခဲ့ပါတယ်။

အေအိုင်ဒီအက်စ ရောဂါ စတွေ့တဲ့ နှစ် ၃၀ ပြည့် မှာ ထုတ်ပြန်တဲ့ အစီရင် ခံစာ မှာ အိပ်ချအိုင်ဗီပိုး ကူးစက်မှု နှုန်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တာ ကာလ အတွင်းမှာ သိသိ သာသာ ကျဆင်း လာခဲ့တယ်လို့ ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန် တဲ့ အစီရင်ခံစာ တစောင်မှာ ဖော်ပြ ထားပါတယ်။

ကမ္ဘာတဝန်း အေအိုင်ဒီအက်စ ရောဂါ တိုက်ဖျက်မှု တွေမှာ တိုးတက်မှုတွေ သိသိ သာသာ ရှိခဲ့ပေမယ့် ချမ်းသာတဲ့ နိုင်ငံတွေ နဲ့ ဆင်းရဲတဲ့ နိုင်ငံ တွေမှာ ဒီရောဂါကို ကုသမှု ပေး နိုင်ပုံ မှာ ကွာဟမှုကြီးမား နေဆဲပဲလို့ အစီရင်ခံစာ က ဆိုပါတယ်။

ကနေ့ အေအိုင်ဒီအက်စ ရောဂါ တိုက်ဖျက် ရာမှာ ရင်ဆိုင် နေရတဲ့ အကြီးမားဆုံး စိမ်ခေါ်မှု ကတော့ ARV ဆေးကို ကျယ်ကျယ် ပြန့်ပြန့် ရရှိနိုင်အောင် လုပ်ဆောင်ရေး ဖြစ်တယ် လို့ ကုလသမဂ္ဂရဲ့ အေအိုင်ဒီအက်စ တိုက်ဖျက်ရေး ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။

မြန်မာနိုင်ငံ မှာ ARV ဆေးလိုအပ် နေတဲ့ ဝေဒနာရှင် ၆ သောင်း ကျော် ရှိပြီး ဆေးရနိုင်မှု က အဲဒီ လူဦးရေ ထက် တဝက် တောင် မရှိ ပါဘူး။

အိပ်ချအိုင်ဗီ ပိုး ကူးစက်တာကို သိတာနဲ့ စောနိုင်သမျှ စောစော ကုသမှု ပေးနိုင်ရင် အိပ်ချအိုင်ဗီ ပိုး ကူးစက် ပျံ့နှံ့မှုကို သိသိသာသာ လျော့ကျ စေနိုင်တယ်လို့ နောက်ဆုံး ထွက်ရှိ လာတဲ့ သုတေသန ပြုလုပ်မှု တွေ က ဆိုပါတယ်။

မြန်မာနိုင်ငံ မှာ အန်ဂျီအို အဖွဲ့အစည်းတွေ ကARV ဆေးဝါးကို အဓိက ဖြန့်ဖြူး နေတာ ဖြစ် ပြီး အစိုးရ ဆေးရုံတွေမှာ များများစားစား မရနိုင်ဘူး လို့ အေအိုင်ဒီအက်စ ဝေဒနာသည် တွေကို အနီးကပ် ပြုစု စောင့်ရှောက် ကူညီ နေတဲ့ အန်အယ်ဒီ အလုပ် အမှုဆောင် အဖွဲ့ဝင် မဖြူဖြူသင်း က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။