နောက်ဆုံး ရေးသားချိန် 3 ဇွန်လ 2011 - 02:32 GMT

ကျားဖြူ ပါတီကလည်း ဂျာနယ် ထုတ်ဖို့ ပြင်

sndp

ကျားဖြူပါတီရဲ့ စီးပွားဖြစ် ဂျာနယ် သီတင်း နှစ်ပတ် အတွင်း ထွက်လာဖို့ရှိ

ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ကျားဖြူ ပါတီ ခေါ် SNDP ရှမ်း တိုင်းရင်းသားများ တိုးတက်ရေး ပါတီက အများကြိုက် ဂျာနယ် တစ်စောင် ထုတ်ဝေဖို့ စီစဉ်နေ ပါတယ်။

အရင်က ထုတ်နေကျ ပါတီ သတင်းလွှာကို ဆက်မထုတ်တော့ပဲ အခုအခါ ရပ်ဆိုင်းလိုက် တော့မယ်လို့လည်း သိရပါတယ်။

အဲဒီ ဂျာနယ်ထဲမှာ ကျားဖြူ ပါတီရဲ့ လှုပ်ရှားမှု အနည်းအပါး ထည့်သွင်း ဖေါ်ပြမှာ ဖြစ်သလို ကျန်းမာရေး၊ လူမှုရေး ကဏ္ဍစုံ ထည့်သွင်းပြီး စီးပွားရေး သဘောအရ ထုတ်ဝေဖို့ စီစဉ်ထားတယ်လို့ SNDP ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ စိုင်းကျော်အုန်းက ဘီဘီစီကိုပြောပါတယ်။

ဂျာနယ် ထုတ်ဝေခွင့်ကို အစိုးရထံမှာ တင်ပြထားပြီး လာမဲ့ သီတင်း နှစ်ပတ်အတွင်း ထုတ်ဝေ ဖြန့်ချိနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

အခု ထုတ်ဝေမဲ့ ဂျာနယ်ထဲမှာ ရှမ်းနဲ့ ပတ်သက်တဲ့ ရာဇဝင်တွေ၊ သိကောင်းစရာတွေကိုလည်း ထည့်သွင်း ဖေါ်ပြမှာ ဖြစ်ပြီး အများအကြိုက် ခေတ်နဲ့အမှီ ထုတ်မှာမို့ ပြည်သူတွေ စိတ်ဝင် စားကြမယ် လို့ ယူဆကြောင်း ဒေါက်တာ စိုင်းကျော်အုန်းက ဘီဘီစီကိုပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။