နောက်ဆုံး ရေးသားချိန် 6 မေလ 2011 - 16:31 GMT

ရပ်ကျေး အုပ်ချုပ်ရေးမှူး အသစ်တွေ ရွေးချယ်

Nay Pyi Daw

နေပြည်တော်မှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ ပြန်ဖွဲ့

နေပြည်တော် လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း နဲ့ သီရိငါးမြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူးအသစ်တွေ ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ဖို့ အတွက် မူတွေကိုလည်း အထက် အာဏာပိုင် အဖွဲ့ အစည်းတွေက ချမှတ်ပေးခဲ့ပါတယ်။

ဒီမိုကရေစီ အစိုးရ ပေါ်ထွန်းလာပြီ ဆိုပေမယ့် ၈၈ ဒီမိုကရေစီ အရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် မရွေးချယ်ရ ဆိုတဲ့ မူထည့်သွင်း ပြဌာန်းပေးထားတာကို တွေ့ရပါတယ်။

ပါတီဝင် မဟုတ်စေရဆိုတဲ့ အခြေခံမူကိုလည်း ချမှတ်ပေးထားပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ အရွေးခံမယ့်သူတွေဟာ နှုတ်ထွက်စာကိုပါ တပါတည်း ယူဆောင်လာကြတယ်လို့လည်း သိရပါတယ်။

အုပ်ချုပ်ရေးမှူး တယောက်နဲ့ အဖွဲ့ဝင် လေးယောက်ကို ရပ်ကွက် ရပ်မိရပ်ဖတွေရှေ့မှာ အဆိုပြု၊ ထောက်ခံ၊ ကန့်ကွက်ပြီး အတည်ပြုရွေးချယ်ခဲ့တယ်လို့လည်း သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။