နောက်ဆုံး ရေးသားချိန် 5 မေလ 2011 - 01:53 GMT

နာရေးကူညီမှု အသင်းက လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ကောက်ယူ

Kyaw Thu

လူမှုရေး လုပ်ငန်း ဆောင်ရွက် နေသူ ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူ

နိုင်ငံရေး အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် အတွက် လက်မှတ်ထိုးဆန္ဒပြုပြီး နိုင်ငံတော် အစိုးရဆီတင်ပြကြရာမှာ နာရေး ကူညီမှု အသင်းလည်း ပါဝင်လာပါတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်စေလိုတဲ့ ဆန္ဒရှိသူတွေ ဆီက လက်မှတ်တွေကို နာရေးကူညီမှု အသင်းက စုဆောင်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တဆင့် အစိုးရဆီ ပေးပို့မယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုချက်တွေကို တိုင်းပြည်ငြိမ်းချမ်း စေလိုတဲ့ ဆန္ဒကြောင့် တောင်းဆိုခဲ့တယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဌ ကိုကျော်သူက ဘီဘီစီကို ပြောပါတယ်။

နာရေးကူညီမှု အသင်းဟာ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ ဖွဲ့စည်းထားတဲ့ အသင်း ဖြစ်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဒုက္ခကိုလည်း စာနာမိလို့ အခုလို သူတို့ လွတ်မြောက်ရေး အတွက် ဆန္ဒသဘောထား စုစည်း ပေးပို့တာလည်း ဖြစ်တယ်လို့ ကိုကျော်သူက ဆိုပါတယ်။

နာရေးကူညီမှု အသင်းဟာ ရန်ကုန်မြို့မှာ အခမဲ့ အသုဘ ပို့ဆောင်ပေးရာက စပြီး မရှိမဖြစ်လိုအပ်တဲ့ အသင်းကြီး တခုဖြစ်လာခဲ့ပါတယ်။ အများပြည်သူရဲ့ ယုံကြည် အားကိုးမှု အရဆုံး လူမှုရေး အသင်းတသင်းလည်း ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။