နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2011 - 01:37 GMT

ခလရ ၉၁ တပ်ရင်း မှာ လိုက်လျောမှုပြု

_burmese_soldier

တပ်တွင်း မကျေနပ်မှု ဖြေရှင်းပေး

မတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း မှော်ဘီအခြေချ ခလရ ၉၁ တပ်ရင်း မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ကြောင့် ရန်ကုန်တိုင်း တိုင်းမှူး ကိုယ်တိုင် ဆင်းလာပြီး တပ်တွင်း အခက်အခဲ ဖြစ်နေတဲ့ တပ်ရံပုံငွေ နဲ့ ရိက္ခာ ပြဿနာ ကို ဖြေရှင်းပေး မယ်လို့ ပြောပါတယ်။

ခလရ ၉၁ နဲ့ ပစ်ခတ်မှု ဖြစ်တဲ့ လုံခြုံရေး တပ် ကိုတော့ တပ်ရင်း နဲ့ ဝေးတဲ့ နေရာ ရွှေ့ထားလိုက်ပါပြီ။ ခလရ ၉၁ တပ်က တောင်းဆိုတာက တပ်ရံပုံငွေ နဲ့ ရိက္ခာ ပြဿနာ အပြင်၊ လက်ရှိရေးဆွဲ ထားတဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ ကိုပါ ပြင်ပေးဖို့ တောင်းဆိုကြတါပါ။

ရန်ကုန်တိုင်း တိုင်းမှူးဖက်က ကမ်းလှမ်းတဲ့ အထဲမှာ တပ်တွင်းဖျော်ဖြေရေး စရိတ်လဲ ပေးမယ်ဆိုပေမဲ့ လက်မခံ ကြတဲ့ အကြောင်းလဲ တပ်သား တဦးက ဘီဘီစီ ကို ပြောပြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။