နောက်ဆုံး ရေးသားချိန် 5 မတ်လ 2011 - 15:56 GMT

လူကုန်ကူးမှု နဲ့ မြန်မာအမျိုးသမီးအရေး

women's day

နိုင်ငံတကာ အမျိုးသမီးများနေ့

နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်း အမှတ် အတွက် အခုနှစ် ဆောင်ပုဒ်ထဲမှာ လူကုန်ကူးမှုဒဏ် ခံကြရတဲ့ အမျိုးသမီး တွေရဲ့ အရေးကိစ္စ ပါဝင် ပါတယ်။ မြန်မာတိုင်းရင်းသူ အချို့ လူကုန်ကူးခြင်း ခံရမယ့် ဘေးအန္တရာယ်ကို မတူပီ ဒေသမှ ချင်းအမျိုးသမီးလေးတွေ ကြုံနေရပါတယ်။

နီပေါလူမျိုးတဦးက ချင်းမျိုးနွယ်စု 'မရာ' တိုင်းရင်းသူတွေကို ဆော်ဒီအာရေးဗီးယား နိုင်ငံမှာ အလုပ်ပေးမယ် ဆိုပြီး ခေါ်လာခဲ့ရာမှာ၊ ဒေလီရောက် မရာတိုင်းရင်းသား အဖွဲ့က မသင်္ကာလို့ စစ်ဆေးရာမှာ၊ အထောက်အထား မခိုင်လုံတဲ့ အတွက် ချင်းအမျိုးသမီးငယ်ကို ကယ်တင်နိုင်ခဲ့ကြောင်း ဘီဘီစီကို ပြောပြ ပါတယ်။

ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့ မှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ ဆွေးနွေးပွဲမှာလဲ ကမ္ဘာ အရပ်ရပ်မှ အမျိုးသမီးများ နည်းတူ၊ မြန်မာ တိုင်းရင်းသူတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေခံနေရတဲ့ အနက်၊ လူကုန်ကူးမှု တွေပါ အကျုံးဝင်နေလို့ ဝိုင်းဝန်း တိုက်ဖျက် ရေး သဘောတူကြပုံ ကို Burma Campaign UK မှ မေရီလှ က ဘီဘီစီ ကို ပြောပြပါတယ်။

အခုလို မြန်မာတိုင်းရင်းသူတွေ မတရား သဖြင့် လူ့အခွင့်အရေး ချိုးဖေါက်မှု ခံနေရတဲ့ အတွက်၊ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး ဖေါ်ထုတ်ဖို့လဲ တောင်းဆိုခဲ့ကြောင်း မေရီလှက ရှင်းပြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။