မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရသစ်အတွက် မကြာသေးခင်က ဝန်ကြီး ၃၀ စာရင်း ထုတ်ပြန်တာမှာ အမျိုးသမီး တဦးမှ မပါပါဘူး။

မိန်းကလေးတွေက ယောက်ျားလေးတွေ လောက် မတော်လို့ နေရာ မရတာလား
အမျိုးသမီးတွေကို ဝန်ကြီးအဖြစ် မခန့်တာ ဟာ အမျိုးသမီးတွေက အမျိုးသားတွေ လောက် မတော်လို့လား၊ ဒါမှမဟုတ် အမျိုးသမီးဖြစ်နေ လို့ပါလား။ သောတရှင်တွေကရော ဘယ်လိုမြင် ပါသလဲ။
ဒီအကြောင်းတွေကို လာမယ့် မတ်လ ၉ ရက်၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ် လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ဆွေးနွေးကြမှာမို့ သောတရှင်တွေ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါ တယ်။
ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။
အောက်ပါအကွက်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။
Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။
ဆက်သွယ်ရန်
* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

