နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2011 - 01:23 GMT

NLDပါတီလူ့အခွင့်အရေးကောင်စီတိုင်မည်

NLD ခေါင်းဆောင်များ အဖွဲ့ချုပ်မှာ နောက်ဆုံးနေ့ အစည်းအဝေး

NLD ခေါင်းဆောင်များ အဖွဲ့ချုပ်မှာ နောက်ဆုံးနေ့ အစည်းအဝေး

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တရားဝင် ရပ်တည်ခွင့် ရှိရေး ကြိုးပမ်းတဲ့ အခါ ဥပဒေအရ ရသင့် ရထိုက်တဲ့ ခံစားခွင့်တွေ မရရှိခဲ့တာတွေဟာ လူ့အခွင့် အရေး ချိုးဖောက်ခံရမှု ဖြစ်တယ် ဆိုပြီး လူ့ အခွင့် အရေး ကောင်စီကို NLD က တိုင်တန်းဖို့ ပြင်ဆင်နေပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ဥပဒေ အတိုင်ပင်ခံ တွေ မနေ့က တွေ့ဆုံ ပြီး ဆွေးနွေး တိုင်ပင်ခဲ့ကြတာပါ။ လာမယ့် သီတင်း နှစ်ပတ်အတွင်း တိုင်တန်းနိုင်ဖို့ ရည်မှန်းထားတယ်လို့ လည်း သိရပါတယ်။

အခုအခါ NLD ပါတီရပ်တည်ခွင့်ကို တိုင်တန်းနေတာမဟုတ်ဘဲ NLD ကတရားစွဲဆိုတာကို ပယ်ချခံရပြီးတဲ့နောက် ဥပဒေအရ ရသင့်တဲ့ အခွင့်အရေးတွေမရလို့ တိုင်တန်းမှာလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကဘီဘီစီကိုပြောပါတယ်။

ဒီလိုငြင်းပယ်ခံရတာ လူ့အခွင့်အရေးကြေညာစာတန်းမှာ ပါတဲ့အပိုဒ်၈၊၁၉၊၂၀၊၂၁ တို့ကိုချိုးဖေါက်ရာရောက်ကြောင်း၊ ဒီအပိုဒ်တွေကတော့ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်း နဲ့ သင်းပင်း ဖွဲ့စည်းခွင့်၊ စုဝေး ပြောဆိုခွင့်ကို တားဆီးခြင်း၊ ပြည်သူ့ ဆန္ဒဟာ အုပ်ချုပ်မှု အာဏာရဲ့ အခြေခံ ဖြစ်ရမယ် ဆိုတဲ့ အချက်ကို ချိုးဖောက်ခြင်း စတာတွေဖြစ်ပါတယ်။

လူ့အခွင့်ရေးကြေညာစတမ်းပြဌာန်းချက်တွေအရ လူ့အခွင့်အရေး လုပ်ထုံးလုပ်နည်းတွေကို ချိုးဖေါက်ခံရတယ်လို့ ပြည်တွင်းမှာ တရားစွဲဆိုမှု လမ်းဆုံးသွားရင် လူ့အခွင့်အရေး ကောင်စီကို တိုင်နိုင်ကြောင်း၊ NLD ပါတီရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်လို့ တရားရုံးချုပ်က ပယ်ချလိုက်တဲ့အတွက် ပြည်တွင်းမှာ လမ်းဆုံးသွားလို့ အခုလိုဆက် ဆောင်ရွက်တာလို့ ဦးဉာဏ်ဝင်းကရှင်းပြသွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။