နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2011 - 01:39 GMT

အီဂျစ်ဆန္ဒပြပွဲ မြန်မာ့မီဒီယာမှာ ကန့်သတ်

cairo_demo

အီဂျစ် ဆန္ဒပြပွဲ မြန်မာ ဂျာနယ်မှာ တားမြစ်ကန့်သတ်

အီဂျစ်နိုင်ငံမှာ သမ္မတမူဘာရက် ဖြုတ်ချရေးနဲ့ ဒီမိုကရေစီ တောင်းဆိုဆန္ဒ ပြတဲ့ လူထုလှုပ်ရှားမှု သတင်းတွေကို မြန်မာနိုင်ငံပိုင် သတင်းစာတွေ မှာ ဖေါ်ပြခွင့် မရှိသလို၊ မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ နိုင်ငံခြား သတင်းတွေမှာပါ ပိတ်ပင်ထားတယ် လို့ စစ်အစိုးရပိုင် သတင်းစာ အယ်ဒီတာ တဦးက ဘီဘီစီ ကို ပြောပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တွေ မှာလဲ အီဂျစ်ဆန္ဒပြမှု ကြောင့်၊ တိုင်းပြည် ဖရိုဖရဲ ဖြစ်တာကို ဇောင်းပေးရေးရင်၊ ခွင့်ပြုပေမဲ့ အမှန်အကန် သတင်းတင်ပြခွင့် ကိုတော့ စာပေစီစစ်ရေး က တားမြစ်ပိတ်ပင်တယ်လို့ ဂျာနယ် အယ်ဒီတာ တချို့က ပြောပြပါတယ်။

အခုလို တားမြစ်ပိတ်ပင်မှု တွေရှိနေလို့ ဖြစ်ရပ်မှန် သတင်းတွေ၊ လူထုဆီ မရောက်တာကို ဂျာနယ်ဆရာတွေ စိတ်မကောင်း ဖြစ်ပေမဲ့၊ အစိုးရပိုင် သတင်းစာတိုက်က အယ်ဒီတာ တချို့ကတော့ သူတို့ဟာ၊ ရုပ်သေးရုပ် သတင်းစာ ဆရာတွေ ဖြစ်နေပုံ ဘီဘီစီ ကိုပြောပြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။