
ထိုင်းမြန်မာ နယ်စပ်တနေရာ
မြဝတီကနေ ကော့ကရိတ်ကို ထွက်ခွာတဲ့ ကားတစီး ဒီကနေ့ ညနေ ၃နာရီလောက်က မြေမြုပ်မိုင်း ထိလို့ လူ၉ ယောက်ဒဏ်ရာ ရပြီး တယောက်က ပြင်းထန် တယ်လို့ မဲဆောက်မှ သတင်းရရှိပါတယ်။
တောင်တက်တောင်ဆင်း လမ်းကျဉ်းတဲ့အတွက် ကားလမ်းကို အတက် တရက် အဆင်းတရက် သတ်မှတ်ထားရာမှာ ဒီကနေ့အတက်နေ့ ဖြစ်ပြီး မြဝတီကနေ ကုန်တင်ထားတဲ့ကား မိုင်းထိမှန်တာ ဖြစ်ပါတယ်။
အခုအခါ လူနာတွေကို မြဝတီဆေးရုံကို ပို့ထားရပါတယ်။ အခု မိုင်းထိမှန်မှု ဟာဘယ်သူ့ လက်ချက်လို့ အတိအကျ မသိရပေမဲ့ ဒီနေရာဟာ DKBA တို့အဓိက လှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။
ဒါပေမဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေလည်း လှုပ်ရှားနေတဲ့အတွက် အတိအကျ ဘယ်သူဘယ်ဝါရဲ့လက်ချက်လို့ ပြောလို့မရသေးကြောင်း နယ်စပ်ကလာတဲ့ သတင်းတွေအရ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။

