နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2011 - 16:12 GMT

ကြံ့ခိုင်ရေးက ရခိုင်အမတ်တွေကို တရားစွဲပြန်

ရခိုင်ပြည်နယ် ကျောက်ဖြူ ပေါက်တောမြို့နယ်တွေက နောက်ထပ် ရွေးကောက်ခံ ရခိုင်အမျိုးသား တိုးတက်ရေးပါတီအမတ် ငါးဦးကို ရှုံးတဲ့ ကြံ့ခိုင်ရေးပါတီအမတ်လောင်းတွေက တရားစွဲထားပါတယ်။

ကျောက်ဖြူမြို့နယ်က ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်၊ အမျိုးသားလွှတ်တော်အမတ် ဦးအုံးတင်၊ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်အမတ် ဦးမောင်ကျော်သိန်း၊ ပြည်သူ့လွှတ်တော်အမတ် ဦအောင်ကျော်ဇံ၊ အမျိုးသားလွှတ်တော်အမတ် ဦးကျော်ထွန်းအောင် တို့ကို ကော်မရှင် ဥပဒေနဲ့ ငြိစွမ်းတယ်ဆိုပြီး တရားစွဲ ထားတာဖြစ်ပါတယ်။

စောစောပိုင်းကလည်း ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော်အမတ် ဦးလှမောင်သိန်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တရားစွဲထားတာကြောင့် အခုဆိုရင် တရားစွဲခံရတဲ့ ရွေးကောက်ခံ ရခိုင်အမျိုးသား တိုးတက်ရေးပါတီအမတ် စုစုပေါင်း ၆ ဦးရှိသွားပါပြီ။

အခုတရားစွဲဆိုခံရသူတွေကို ပြည်နယ် ကော်မရှင်က ခေါ်ထားတဲ့အတွက် မနက်ဖြန် စစ်တွေမြို့ကို သွားရောက်တွေ့ဆုံမှ အကြောင်းစုံ သိရမယ်လို့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။