နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2011 - 00:56 GMT

ပါလီမန် ၁၇ ရက်နေ့ ခေါ်မယ်လို့ဆို

လွှတ်တော်အမတ်တွေ နေပြည်တော်ကို စနေနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အရောက်သွားရပြီး တနင်္လာနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ လွှတ်တော် စတင် ကျင်းပမယ်လို့ သိရပါတယ်။

parliament

လွှတ်တော်အမတ်တွေ တက်ရောက်ကြရမယ့် နေပြည်တော်က လွှတ်တော်အသစ်

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကလည်း လွှတ်တော်အမတ်တွေကို ရန်ကုန်ခေါ် ထားပြီး လွှတ်တော်တွင်း လုပ်ဆောင်ရမယ့် ကိစ္စ တွေကို သင်ကြားလို့ နေပြည်တော်ကို ပါတီအစီ အစဉ်နဲ့ ပို့ပေးမယ်လို့ ပါတီ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

လွှတ်တော်တွေမှာ ပါဝင်လာမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းမယ့် စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိုလည်း ရွေးချယ်ပြီး ဖြစ်လို့ သင်တန်း ပေးနေတယ်လို့ သိရပါတယ်။

ဗိုလ်ကြီးနဲ့ ဗိုလ်မှူးအဆင့် စစ်တပ်အရာရှိတွေကို ရွေးချယ်ပြီး လွှတ်တော်တွင်းမှာ လုပ်ဆောင်ရမယ့် ကိစ္စတွေနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် နည်းလမ်းတွေကို နေပြည်တော်မှာ ခေါ်ယူ သင်တန်းပေးနေတယ်လို့ ကြံ့ခိုင်ရေးပါတီက တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

လာမယ့် အစိုးရသစ်မှာ လက်ရှိဝန်ကြီးတွေက ပြန်နေရာရ၊ ပါမှာ မဟုတ်တော့ဘဲ လူငယ်၊ လူသစ်တွေနဲ့ အစိုးရသစ်ကို ဖွဲ့စည်းမယ့် အကြောင်းလည်း ဘီဘီစီက သိရပါတယ်။

စစ်တပ်မှာ အာဏာပိုရှိအောင် စစ်တပ်က ယူထားမယ့် ဝန်ကြီး သုံးနေရာမှာ လက်ရှိ ဝန်ကြီးဌာနတွေကို ပေါင်းစပ် ဖွဲ့စည်းဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ပြည်ထဲရေးအောက်မှာဆို လူဝင်မှုကြီးကြပ်ရေးနဲ့ သာသနာရေး ဝန်ကြီးဌာနတွေ ပြန်ရောက် သွားပြီး၊ နယ်စပ်ဖွံ့ဖြိုးရေးအောက်မှာဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာန ပြန်ပါလာမယ်၊ တခါ စက်မှု ၁ နဲ့ ၂ ကိုလည်း ပြန်ပေါင်းဖို့ ရှိတယ်လို့ ကြံ့ခိုင်ရေးပါတီက တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။