နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2011 - 15:35 GMT

ရေနံနဲ့ သဘာဝ ဓါတ်ငွေ့များ ထပ်တွေ့

ကုန်းတွင်း ရေနံရှာဖွေ ထုတ်လုပ်ရေးမြင်ကွင်း

ကုန်းတွင်း ရေနံရှာဖွေ ထုတ်လုပ်ရေးမြင်ကွင်း

စွမ်းအင်ဝန်ကြီးဌာနနဲ့ ပြည်ပရေနံကုမ္ပဏီကြီးတွေရဲ့ အကျိုးတူ ပူးပေါင်းရေးစာချုပ်အရ တရုတ်နိုင်ငံက SIPC ကုမ္ပဏီနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတို့က မကွေးတိုင်း နဲ့စစ်ကိုင်းတိုင်း ပုထိုးလုံအစမ်းတွင်းများကို ရှာဖွေအစမ်းထုတ်လုပ်လျက်ရှိပါတယ်။

ပထိုးလုံ အစမ်းတွင်းဒေသဟာ ကုန်းပိုင်းရေနံရှာဖွေရေး လုပ်ကွက် အမှတ် ဒီအတွင်းတည်ရှိပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ ဓါတ်ငွေ့သိုက် အဖြစ်အစိုးရ သတင်းစာတွေမှာ ရေးသား ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ Shwe Gas စီမံကိန်းက ကိုဝင်းအောင်ရဲ့ အမြင်ကတော့ အခုအခါ ပြည်တွင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ကွက် ပေါင်း၇၀ ကျော်ရှိတဲ့အတွက် ပြည်တွင်းမှာ လောင်စာနဲ့ လျှပ်စစ်ဖြန့်ဖြူးဖို့ အလုံအလောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုပထိုးလုံ အစမ်းတွင်းကထွက်မဲ့ ရေနံတွေကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်အရ တရုတ်နိုင်ငံကို တင်သွင်းမှာဖြစ်လို့ ဒီလိုစီမံကိန်းတွေဟာ ဒေသခံပြည်သူတွေကို အကျိုးပြုတာ သိပ်မတွေ့ရဘူးလို့ ဘီဘီစီ ကိုပြောပါတယ်။

ဒါ့အပြင် ၁၉၉၈ နောက်ပိုင်း တရုတ်နဲ့ထိုင်းတို့ကို ရေနံနဲ့သဘာဝ ဓါတ်ငွေ့တင်ပို့ ရောင်းချရတဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း၉၀၀၀ ကျော်ပြီး နောက်ထပ် စွမ်းအင်စီမံကိန်းတွေက ဒေါ်လာသန်းထောင်ပေါင်းများစွာ ဝင်အုံးမှာ ဖြစ်ပေမဲ့ စစ်တပ်အင်အားရှိအောင် ခေတ်မီလက်နက်တပ်ဆင်ရေးတွေမှာ သုံးတဲ့အတွက် နာဂစ်တို့ ဂီရိတို့လိုသဘာဝဘေးတွေအပါအဝင် ကျန်းမာရေး ပညာရေးလိုလူထုအကျိုးပြုလုပ်ငန်းတွေမှာ သုံးတာသိပ်မရှိဘူးလို့ ကိုဝင်းအောင်က သုံးသပ်သွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။