နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2011 - 16:05 GMT

သူပုန် ၃၄ ယောက် ကို UNHCR စတင် စိစစ်

အိန္ဒိယ အကျဉ်းထောင်ထဲမှာ ရှိနေကြတဲ့ ရခိုင်နဲ့ ကရင် တိုင်းရင်းသား သူပုန် ၃၄ ယောက်ကို ဒုက္ခသည်များ အဖြစ် လက်ခံဖို့ သင့်မသင့် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံးက ဒီကနေ့ ဗုဒ္ဓဟူး နေ့က စတင် စိစစ် နေပြီဖြစ်ပါတယ်။

UNHCR

ကုလသမဂ္ဂ လက်ခံတဲ့ ဒုက္ခသည် အဆင့် ရမှ တိုင်း ရင်း သား သူပုန်တွေ ခိုလှုံစရာ ရနိုင်

အဲဒီ တိုင်းရင်းသား သူပုန်တွေဟာ လက်နက် တွေ တရား မဝင် ပိုင်ဆိုင်မှု၊ ဖောက်ခွဲရေး ပစ္စည်းတွေ လက်ဝယ် ရှိမှု၊ အိန္ဒိယ နိုင်ငံတွင်း ကို တရားမဝင် ဝင်ရောက် ခဲ့မှု စတဲ့ ပြစ်မှု တွေနဲ့ စွဲချက်တင် ခံခဲ့ကြရပြီး ထောင် ထဲမှာ ၁၂ နှစ် ကျော် နေခဲ့ကြရ ပါတယ်။

သူတို့ အားလုံးကတော့ အဲဒီ စွဲချက် တွေကို ငြင်းဆိုခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဇူလိုင်လ ကတည်းက သူတို့ရဲ့ အမှု ပြီးဆုံးသွားပြီး ထောင်ကနေ လွတ်မြောက် နိုင်တဲ့ အခြေ အနေ ရှိခဲ့ပေမဲ့ သူတို့ အနေနဲ့ မြန်မာ နိုင်ငံကို ပြန်ဖို့လည်း မဖြစ်နိုင်၊ တခြား နိုင်ငံ တစ်ခုခုဆီ သွားဖို့လည်း လက်ခံမယ့်သူ မရှိတာကြောင့် ခုချန်ထိ ထောင်ထဲမှာပဲ ဆက်နေခဲ့ကြရတာ ဖြစ်ပါတယ်။

အခု UNHCR က စတင် စိစစ်မှု အရ ဒုက္ခသည် အဖြစ် အသိ အမှတ်ပြု ခံရမယ် ဆိုရင်တော့ တတိယ နိုင်ငံ တနိုင်ငံကို သူတို့ သွားနိုင်တဲ့ အခွင့်အလမ်း ရလာနိုင် ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။