နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2011 - 15:25 GMT

နအဖတပ်နဲ့ ဒီကေဘီအေ ပစ်ကြခတ်ကြ

ဒီကေဘီအေ ကို စစ်ဆင်ဖို့ သွားနေတဲ့ နအဖတပ်ရဲ့ ရှေ့ပြေးတပ်နဲ့ ဒီကေဘီအေ တပ်တွေ ကော်မနောင် ဆိုတဲ့ နေရာ အလွန်မှာ ဒီနေ့မနက် ၁၀ နာရီလောက်က တိုက်ပွဲ ဖြစ်ပွါးခဲ့ ပါတယ်။

dkba

တိုက်ပွဲတွေကြောင့် ပြေးကြလွှားကြရတဲ့ စစ်ပြေး ဒုက္ခသည် ပြည်သူများ

နအဖတပ်တွေက ဆယ်ဘီးကားကြီး ၇ စီး ၈ စီးနဲ့ ရဲဘက်တွေ အများကြီး ခေါ်လာတာ ရိက္ခာတွေ ထမ်းဖို့ ဖြစ်မယ်လို့ ဖလူး ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နအဖစစ်ကြောင်း ကားတန်းဟာ အကျဉ်းသား ပေါ်တာ အထမ်းသမားတွေ ရိက္ခာတွေ တင်ဆောင်ပြီး ကော့ကရိတ် ကနေ ဖလူးနဲ့ ဝယ်လေ ဒေသက တိုက်ပွဲဖြစ်ရာ နေရာတွေဆီ မနေ့က ဦးတည် သွားနေတယ် လို့လည်း သိရပါတယ်။

မြဝတီတောင်ဘက်က ဒီကေဘီအေ ထိန်းချုပ်ထားတဲ့ ဒေသဘက်ကို နအဖတပ်တွေ နေရာယူခဲ့တာ အခုလောက်ဆို အဆင်သင့် ဖြစ်လောက်တဲ့ အနေအထား ရှိပြီမို့ စစ်ဆင်ရေး စတော့မယ်လို့ ထင်မြင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲဟာ မြဝတီဒေသမှာ စစ်အစိုးရတပ်နဲ့ ဒီကေဘီအေကြား တိုက်ပွဲတွေ မဖြစ်ဘဲ နှစ်ပါတ်လောက် ငြိမ်သက်နေရာကနေ ပထမအကြိမ် ပြန်ဖြစ်လာတဲ့ တိုက်ပွဲ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။