နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2011 - 01:49 GMT

ချင်းအမျိုးသားပါတီ ညီလာခံ

cnp_flag

ချင်းအမျိုးသားပါတီက ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ကစပြီး ၃ ရက်ကြာ ပါတီ ညီလာခံတစ်ခု ကျင်းပနေပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်အပါအဝင် ပါတီတွင်း ကိစ္စရပ်တွေအပြင် တိုင်းရင်းသားပါတီတွေ မဟာမိတ်ဖွဲ့ရေးကိုလည်း ဆွေးနွေးမယ်လို့ ချင်းအမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျဲအိုဘစ်ထောင်းက ဘီဘီစီကို ပြောပါတယ်။

ချင်းအမျိုးသားပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၉ နေရာ အနိုင်ရပါတယ်။

ရွေးကောက်ပွဲမှာ အမတ်နေရာ တချို့ အနိုင်ရခဲ့တဲ့ တခြား ချင်းပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိသလို တခြားတိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်တိုးတက်ရေးပါတီ၊ SNDP ရှမ်းပါတီ၊ မွန်ဒေသလုံးဆိုင်ရာပါတီ၊ ဖလုံ စဝေါ်ပါတီ တို့နဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပြီး မဟာမိတ်ဖွဲ့ဖို့လည်း ရှိတယ်လို့ ဦးကျဲအို ဘစ်ထောင်းက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့တော့ လောလောဆယ် ဆွေးနွေးဖို့ အစီအစဉ်မရှိဘူးလို့ သူက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။