နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2010 - 02:47 GMT

HIV ဝေဒနာရှင် တွေကို သတင်းထောက်တွေငွေလှူ

Phyu Thin

သတင်းထောက်များ ဒါန

မြန်မာနိုင်ငံက ဂျာနယ်နဲ့ သတင်းထောက် တွေ စုပေါင်းပြီး NLD လူမှု အထောက်အကူ အဖွဲ့က ကူညီစောင့်ရှောက် ထားတဲ့ တောင်ဒဂုံက HIV/AIDS ဝေဒနာရှင်တွေ ကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။

ငွေကြေးထောက်ပံ့မှု လဲ ပြုလုပ်ခဲ့ပြတယ်။ HIV ဝေဒနာသည်တွေ ရဲ့ မိဘမဲ့ ကလေးတွေ ကို စောင့်ရှောက်ပေးထားတဲ့ သုခရိပ်မြုံ ဂေဟာ မှာလဲ လှူဒါန်း ကူညီမှု တွေ ကို သတင်းထောက်တွေ က ပြုခဲ့ကြ ပါတယ်။

မကြာခင်ကလဲ အခုလို HIV ဝေဒနာရှင် တွေကို သွားရောက် အားပေး ငွေလှူခဲ့သူ အနုပညာရှင် တွေကို အာဏာပိုင်တွေ ဖက်က ပိတ်ပင်တာတွေ၊ အရေးယူတာတွေ လုပ်ခဲ့လို့ သတင်းထောက်တွေ အနေနဲ့ စိုးရိမ်မှု ရှိမရှိ မေးရာမှာ တော့၊ အလွတ်သတင်းထောက် ဦးမြင့်ကျော်က သတင်းသမား အနေနဲ့ ဝေဖန်စရာကို အတွေးအခေါ်ပိုင်း ဆိုင်ရာ ထောက်ပြမှု မပြုရင် တကိုယ်ကောင်းဆန်ရာ ရောက်နိုင်ကြောင်း၊ ဘီဘီစီ ကို ရှင်းပြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။