နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2010 - 16:38 GMT

ကော့ကရိတ်မြို့ မဲပေးချိန် အမြောက်ပစ် ခြိမ်းခြောက်

ကော့ကရိတ်မြို့မှာ ဒီကနေ့ မဲပေးနေစဉ် မြို့အခြေစိုက် ခလရ ၉၇ ကနေ နေ့လည် ၁၂ နာရီလောက်မှာ မြို့အရှေ့ဖက် ဘုရားပိတ်ကုန်းဘက်ကို လက်နက်ကြီး ၉ လုံး ပစ်ထုတ်ခဲ့ပါတယ်။

အကြောင်းကတော့ လက်ရှိမဲအခြေအနေအရ ကြံ့ခိုင်ရေးပါတီက နိုင်ခြေရှိနေတယ်တဲ့အတွက် ရွာတွေက နောက်ထပ်လူတွေ မဲလာ မထည့်အောင် ခြိမ်းခြောက် ပစ်ဖေါက်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

ပဲခူးတိုင်း ကျောက်တိုင်ရွာမှာတော့ ရယကရုံးရှေ့မှာ မဲပုန်းထားပြီး တပ်မ ၇၇ လက်အောက် ခံ တပ်ရင်းတွေက တပ်သားတွေနဲ့ သူတို့မိသားစုတွေကို တပ်ရင်းမှူးတွေက မဲထည့်ခိုင်း ပေမယ့်လည်း တပ်ရင်းအားလုံးက တပ်သားနဲ့မိသားစုတွေအာလုံး မဲမပေးပဲ နေခဲ့တယ်လို့ သိရပါတယ်။

မဲမပေးခဲ့တဲ့ တပ်ရင်းတွေကတော့ အမှတ် ၁၊ ၃၊ ၅၊ ၆၊ ၇၊ ၂၀၊ ၁၀၁၊ ၁၀၅ နဲ့ ၁၀၆ တပ်ရင်း တွေ ဖြစ်ကြပါတယ်။

အလားတူ ရန်ကုန်တိုင်း ရွှေပြည်သာမြို့ အခြေစိုက် ရဲတပ်ရင်း ၆ ကလည်း မဲမပေးဘူးလို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။