
ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန
သတင်း အမှောင်ချ ခံထားရတဲ့ မြန်မာပြည်မှာ ရေဒီယို လှိုင်းတိုနဲ့ ရုပ်မြင်သံကြားတွေ အစီအစဉ်တွေကို လွှင့်ထုတ်ပေးနေတဲ့ နော်ဝေနိုင်ငံ အခြေစိုက် ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံ ကလည်း နိုဗယ်ဆုရဖို့ ရှေ့ကနေ တစ်ပြေးနေပါတယ်။
မနှစ်က အိုဘားမားကို နိုဗယ်ဆုရလိမ့်မယ်လို့ မှန်ကန်စွာ ထင်ကြေးပေးနိုင်ခဲ့တဲ့ နော်ဝေ ရုပ်မြင်သံကြား Channel 2 ကအကျဉ်းချခံထားရတဲ့ တရုတ် အစိုးရ ဆန့်ကျင်ရေးသမား Liu Xiaobo ကို ဒီနှစ် နိုဗယ်ဆု ရမယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။
ဒါ့အပြင် ထိပ်ဆုံးကပြေးနေတဲ့ တခြား နှစ်ယောက်ကတော့ အာဖဂန်နစ္စတန်က အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Sima Sama နဲ့ ရုရှားက လူ့အခွင့်အရေး လှုပ်ရှားသူ Svetlana Gannushkina တို့ဖြစ်ပါတယ်။

