နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2010 - 02:11 GMT

အလုပ်သမားများ အဖွဲ့ချုပ်က မြန်မာ့အရေးထောက်ခံ

ASEM summit

အာရှ ဥရောပ ထိပ်သီး ညီလာခံ

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ မှာ ကျင်းပတဲ့ အာရှ ဥရောပ ထိပ်သီး ညီလာခံ မှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဖိအားပေး ဆောင်ရွက်ဖို့ နိုင်ငံတကာ အလုပ်သမားများ အဖွဲ့ချုပ် ITUC မှ အထွေထွေ အတွင်းရေးမှူး Sharan Burrow က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံက အခြေအနေ တွေဟာ စိုးရိမ်စရာ အနေအထား တွေ ရှိနေလို့ တိုးတက် ပြောင်းလဲလာအောင် တိုက်တွန်းရတဲ့ အကြောင်း၊ လာမဲ့ ရွေးကောက်ပွဲ ဟာလဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောသလို ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသား တွေ မလွှတ်ပဲ ကျင်းပရင် လွတ်လပ်မျှတ မှု လဲ ရှိမှာ မဟုတ်ဖူး လို့ ပြောပါတယ်။

အာရှ ဥရောပ အစည်းအဝေးမှာ မြန်မာနိုင်ငံ အပေါ်ထားတဲ့ သဘောထား တွေ မတူလို့ ITUC ရဲ့ တောင်းဆိုချက် တွေ ဖြစ်နိုင်ပါ့ မလား ဆိုတဲ့ မေးခွန်း ကိုတော့ Ms Burrow က အိမ်ရှင် ဘယ်လ်ဂျီယံ နိုင်ငံခြားရေး ဝန်ကြီးဌာန နဲ့ ဝန်ကြီးချုပ်တို့ က မြန်မာ့ အရေး ကို အဓိက ထား ပြောမယ် လို့ ဆိုပေမဲ့ လက်တွေ့ မှာ ဘယ်လောက် ထိထိ ရောက်ရောက် လုပ်မလဲ ဆိုတာတော့ စောင့်ကြည့် ရမဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ITUC အနေနဲ့ ကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့် မတွေ့ မချင်း မြန်မာလူထု ကိုယ်စား ဆက်လက် တောင်းဆိုသွားမယ် လို့ Ms Burrow က ပြောပြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။