နောက်ဆုံး ရေးသားချိန် 3 စက်တင်ဘာလ 2010 - 17:10 GMT

ဗီယက်နမ် ကို ငှားမယ့် မြေတွေထဲ ရခိုင် လယ်သမားတွေရဲ့ မြေတွေ ပါဝင်

rubber

ဗီယက်နမ် က ရာဘာ စိုက်ပျိုးရေး အတွက် ရခိုင် က မြေတွေ ငှား ဖို့ စီစဉ်နေ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ထဲက မြေယာ ဧက ၁ သိန်းကျော်ကို ဗီယက်နမ် နိုင်ငံ က ရာဘာ စိုက်ပျိုးရေး အတွက် ငှါးရမ်းမှာ ဖြစ်လို့ မြေတိုင်း ဦးစီးဌါန ရဲ့ မြေတိုင်းတာမှု ပြုလုပ်တဲ့အခါ ပုဂ္ဂလိကပိုင် ဥယျာဉ်ခြံမြေတွေ လယ်ယာတွေပါ တိုင်းတာ တဲ့ အထဲ ပါနေ တဲ့ အတွက် သက်ဆိုင်ရာ လယ်သမားတွေ က သူတို့ မြေတွေ အသိမ်း ခံရလေ မလား လို့ စိုးရိမ် နေကြ ပါတယ်။

ဒီ အဖြစ်အပျက်ကို ဒေသခံ လယ်သမား တစ်ဦ က ဘီဘီစီကို ပြောပြရာမှာ အခု တိုင်းထား တဲ့ မြေက လယ်မြေတွေ ဥယျာဉ်တွေ ပါနေတဲ့ အကြောင်း ဒီမြေတွေအတွက် လျော်ကြေးပေး မပေး ဆိုတာကိုတော့ အတိ အကျ မသိသေးတဲ့ အကြောင်း ပြောပြ ပါတယ်။

အခုလို သက်ဆိုင်ရာက တိုင်းတာ ပြီးစီးသွားတဲ့ မြေ က ဧက ၁ သိန်း ၂ သောင်း ၉ ထောင် ကျော် ဖြစ်တယ် လို့ သိရ ပါတယ်။

“ကျနော်တို့ ဟာ ငွေကြေး မရပဲ ဒီမြေတွေ အသိမ်းခံရမလား ဆိုပြီး အကြီးအကျယ် စိုးရိမ် နေကြ ရ ပါတယ်၊ တကယ်လို့ သာ ဒီမြေတွေ အသိမ်းခံရမယ် ဆိုရင် လုပ်စား စရာ မြေ မရှိတော့ဘူး ” လို့ အဲဒီ ဒေသခံ ကပဲ ဘီဘီစီ ကို ပြော ပါတယ်။

၂၀၀၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် နဲ့ မာန်အောင် မြို့နယ် ထဲက စိုက်ပျိုးမြေ ဧက ၅ သောင်းကို ဘင်္ဂလားဒေ့ချ်ကို ငှါးရမ်းဖို့ စီစဉ်ခဲ့တာ တွေရှိ ခဲ့ပြီး ဒါပေမယ့် လည်း အခုအချိန် အထိ အကောင် အထည် ဖေါ် ဆောင်ရွက် နိုင်ခြင်း မရှိသေးပါဘူး။

အခု ဗီယက်နမ် ကို ငှါးရမ်းမယ့်မြေ အတွက် တိုင်းတာမှု တွေ ပြီးစီး သွားပြီ ဖြစ်ပေမယ့် ဘယ်အချိန် မှာ စတင် အကောင်အထည်ဖေါ်မယ် ဆိုတာ ကို တော့ မသိရသေး ပါ ဘူး။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။