ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ ဆင်ဖြူကို သြဂုတ်လ ၁ ရက်နေ့က ဘူးသီးတောင်ကနေ တဆင့် စစ်တွေမြို့ကို ရေတပ် သင်္ဘောနဲ့ သယ်ယူ လာခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီးတွေ တကယ်ပဲ ဘုန်းကြီးသလား စတုတ္ထမြောက် ဆင်ဖြူ အဖမ်းခံထိ
ဒီသယ်ယူမှုကို ရခိုင် တိုင်မှူး ဗိုလ်ချုပ် သောင်းအေး ကိုယ်တိုင် ဦးဆောင်ပြီး၊ ဂရုတစိုက်နဲ့ လုံခြုံရေး တင်းတင်း ကျပ်ကျပ် ချကာ သယ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ မှာတော့ ဆင်ဖြူဟာ စစ်တွေမြို့ကို ရောက်လာပါတယ်။ စစ်တွေကနေ နေပြည်တော်ကိုတော့ မော်တော်ကားနဲ့ သယ်ယူမယ်လို့ သိရပါတယ်။
အခုဖမ်းမိတဲ့ ဆင်ဖြူဟာ အမဖြစ်ပြီး အသက်က ၃၈ နှစ် ရှိပြီလို့ ဆိုပါတယ်။ စစ်အစိုးရ လက်ထက် မှာတော့ ဒီဆင်ဖြူဟာ စတုတ္ထမြောက် အဖမ်းခံရတဲ့ ဆင်ဖြူ ဖြစ်ပါတယ်။
ရခိုင်မှာ သယ်လာတော့ ရှားရှား ပါးပါး ဆင်ဖြူ ဖြစ်ပေမယ့်လည်း လူတွေကို အနားကပ် ကြည့်ခွင့် မပေးဘူးလို့ ရခိုင်မြို့ခံတွေက ပြောပါတယ်။ ဆင်ဖြူကို ရခိုင်တွေ လုမှာကို စိုးရိမ်ပုံ ရတယ်လို့ ဒေသခံ တစ်ဦးက ရယ်ရယ် ပြုံးပြုံး ပြောပါတယ်။

