နောက်ဆုံး ရေးသားချိန် 6 ဇူလိုင်လ 2010 - 01:04 GMT

ဗိုလ်ချုပ်ကြီးက တရုတ်ကို ဘာပြောမလဲ

တရုတ်ပြည်ရောက် မြန်မာစစ်အစိုးရရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ဦးဆောင်လို့ စီးပွားရေးဝန်ကြီး ဦးစိုးသာ၊ ဘဏ္ဍာအခွန်၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးတွေပါတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်တို့နဲ့ ဘာတွေ ဆွေးနွေး ပြောဆိုကြမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

tin aung myint oo

တရုတ်ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး

နှစ်ချက်ရှိတယ်၊ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာတုန်းက ပြောသွားတာ ရှိတယ်၊ တရုတ်ရဲ့ ကုန်စည်တွေ မြန်မာ ပြည်တွင်း စီးဆင်းမှုမှာ မြန်မာဘက်က ကုန်သွယ်ရေး မူဝါဒတွေကြောင့် ကြန့်ကြာနေတာ ရှိတယ်လို့ ပြောသွားတယ်၊ အခုလဲ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေ ပါနေတာ ထောက်ရင် အခွန်ကိစ္စ ပြင်ဖို့၊ ညှိနှိုင်းဖို့ ဖြစ်မယ်လို့ တရုတ်- မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေတဲ့ ဦးအောင်ကျော်ဇောက သုံးသပ် ပါတယ်။

နောက်တစ်ချက်ကတော့ ကာကွယ်ရေး ကိစ္စပါ။ ဗိုလ်မှူး စိုင်းသိန်းဝင်း ပြောခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ဆောင်ရွက်ချက်တွေကို ကောလာဟလ လိုလို သူတို့ဘက်က တရုတ်ကို ပြောဆိုတာတွေ ရှိနိုင်ပါတယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

မြန်မာနျူကလီးယား ကြိုးပမ်းမှုကို တရုတ်က စိုးရိမ်ပါတယ်၊ ဒါပေမဲ့ မြန်မာဟာ ထိုင်းတို့ တခြားနိုင်ငံ တစ်ခုခုတို့ လောက်တော့ အန္တရာယ် မရှိနိုင်ဘူးလို့ တရုတ်က ထင်နေပုံ ရတယ်လို့ ဦးအောင်ကျော်ဇောက မှတ်ချက် ပြုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။