နောက်ဆုံး ရေးသားချိန် 5 ဇူလိုင်လ 2010 - 17:03 GMT

စစ်တွေ ကျောင်းသား တွေ ဆန္ဒပြ

gas_station_burma

စစ်တွေမှာ ကျောင်းကားတွေကို ဓာတ်ဆီ ထောက်ပံ့ မှု ဖြတ်

စစ်တွေ မြို့ပြင် ဘက်မှာ ဖွင့်ထားတဲ့ တက္ကသိုလ် က ကျောင်းသူ ကျောင်းသား တွေ အရေ အတွက် ရာနဲ့ချီပြီး ဆန္ဒပြတဲ့ အနေနဲ့ စစ်တွေ မြို့ဘက် ကို တနင်္လာနေ့က လမ်းလျှောက် ပြန်လာ ခဲ့ကြ ပါတယ်။

စစ်တွေမြို့ထဲ နဲ့ မြို့ကနေ ၃ မိုင် လောက် အကွာအဝေး မှာ ရှိတဲ့ အဲဒီ တက္ကသိုလ် ကို ပြေးဆွဲတဲ့ ကျောင်းကား တွေ က အစိုးရ ဆီကနေ လောင်စာဆီ မရလို့ မပြေးဆွဲ နိုင်ချိန်မှာ တက္ကသိုလ် ကျောင်းသူ ကျောင်းသား တွေ ရဲ့ ဆန္ဒပြ လမ်းလျှောက်တဲ့ အဖြစ် ဖြစ်ခဲ့တာပါ။

အရင် တုန်း က အစိုးရ ဓာတ်ဆီ ဆိုင် ကနေ ကျောင်းကားတွေ အတွက် လောင်စာဆီ ထုတ်ပေး ခဲ့ ပါတယ်။

မကြာသေးခင် ကာလအတွင်း မှာတော့ ဒီ ဓာတ်ဆီ ဆိုင်တွေ ကို နအဖ စစ်ခေါင်းဆောင် တွေနဲ့ နီးစပ်ပြီး စီးပွားရေး လုပ်ငန်းကြီးတွေ လုပ်ခွင့်ရသူ လို့ နာမည် ကျော်တဲ့ ဦးတေဇ လက်ထဲ ကို လွှဲပေးခဲ့ပါတယ်။

စစ်တွေ ဓာတ်ဆီဆိုင် တွေ ဦးတေဇ လက်ထဲ ရောက်ပြီးချိန် မှာ တော့ ကျောင်းကားတွေ အတွက် ဓာတ်ဆီ ထုတ်ခွင့် ကို ရပ်ဆိုင်းခဲ့ ပါတယ်။

ကျောင်းကားတွေ မရ တာ၊ အခုလို ဓာတ်ဆီရောင်းတဲ့ လုပ်ပိုင်ခွင့် ကို နအဖ အစိုးရ နဲ့ နီးကပ်သူ ပုဂ္ဂိုလ် တဦး က သာ ရ သွားတာ စတဲ့ အကြောင်းတွေ က ကျောင်းသား တွေ ကို မကျေနပ်မှု ဖြစ်စေ နိုင်ခဲ့တယ် လို့ ဒေသခံတွေ က ယူဆ ကြပါတယ်။

ကျောင်းသားတွေရဲ့ လမ်းလျှောက် ဆန္ဒပြပွဲ ဟာ ညနေစောင်း ပိုင်းလောက် က အေးအေး ဆေးဆေး ပြီးဆုံး သွားတယ် ဆိုတဲ့ သတင်းကိုလည်း ကြားရ ပါတယ်။

စစ်တွေ ဟာ အစိုးရ ကို ဆန့်ကျင် ဆန္ဒပြပွဲ တွေ အရင်က ဖြစ်လေ့ ဖြစ်ထ ရှိတာမို့ ဒီလို ဖြစ်တာ ကို မလိုလားတတ်တဲ့ ရဲတပ်ဖွဲ့ က တက္ကသိုလ် ကျောင်းဘက် က နေ စစ်တွေ မြို့ ကို ဝင်တဲ့ အဝင်လမ်း မှာ စောင့်ကြပ်မှု တွေ တိုးချ ထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။