နောက်ဆုံး ရေးသားချိန် 2 ဇွန်လ 2010 - 17:16 GMT

မြန်မာ့ ဒီမိုကရေစီ ရေး နယူးဇီလန် တခဲနက် ထောက်ခံ

မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ဒီမိုကရေစီနဲ့ နိုင်ငံရေး လှုပ်ရှားမှု လုပ်ဆောင်ခွင့် ပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်း ထားတဲ့ အဆိုပြုချက် တစ်ရပ်ကို နယူးဇီလန် ပါလီမန်က ကန့်ကွက်မဲမရှိ တညီတညွတ်ထဲအတည်ပြုလိုက်ပါတယ်။

Campaigners are calling the release of Daw Aung San Suu Kyi

ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံ တကာက အစဉ် တောင်းဆိုနေ

မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၁၀ ခုနှစ်ထဲ မှာ ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲ တွေ အတွက် ပြင်ဆင် နေတာ တွေ ကို နိုင်ငံတကာက အာရုံ စူးစိုက် နေကြသလို နယူးဇီလန် ပါလီမန် အနေနဲ့ကလည်း မြန်မာ နိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ် စေချင်တယ် ဆိုတဲ့ သဘောထားကို ပြသတာ ဖြစ်တဲ့ အကြောင်း အဆိုပြုချက်ကို ဦးဆောင် တင်သွင်းတဲ့ မြန်မာ နိုင်ငံဆိုင်ရာ နယူး ဇီလန် ပါတီစုံ အဖွဲ့ရဲ့ခေါင်းဆောင် လေဘာပါတီအမတ် မာယန် စထရိ (Maryan Street) က ဘီဘီစီကို ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်ကို ပါဝင် ယှဉ်ပြိုင်ခွင့် မပေးရင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အတုအယောင် မျှသာဖြစ်လိမ့်မယ် လို့လည်း သူက ပြောပါတယ်။

နယူးဇီလန်နဲ့ အနောက် နိုင်ငံတွေက မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဝိုင်းဝန်း ဖိအားပေး နေတဲ့အချိန်မှာ အာဆီယံ၊ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံ တွေက မြန်မာနဲ့ ဆက်ဆံ ရေး ကောင်းမွန်အောင် ကြိုးပမ်းနေတာမို့ အခု ဖိ အားတွေနဲ့ အပြောင်းအလဲ လုပ်နိုင် ပါ့မလား ဆိုတာ ကို တော့ မာယန် စထရိ ( Maryan Street) က နမူနာပေး ပြန်ပြောခဲ့ပါတယ်။

အာဆီယံ နိုင်ငံတချို့ဟာ မြန်မာ နိုင်ငံက အခြေအနေ တွေနဲ့ပတ် သက်ပြီး သည်းခံနိုင်မှု ပိုနည်း လာတာ တွေ့ နိုင် သလို အခုဆိုရင် အမေရိကန် ဦးဆောင်တဲ့ နိုင်ငံ တကာအသိုင်းအဝိုင်း က မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှုတွေ ဆက်ထားနေချိန် မှာပဲ ထိတွေ့ ဆက်ဆံတဲ့ နည်းလမ်း နှစ်ခုကိုပေါင်းပြီး ကျင့်သုံးနေတာ ရှိတဲ့အတွက် နယူး ဇီလန်ရဲ့ အခု ဆောင်ရွက်ချက်က လည်း မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေး ကိုပိုပြီး မြန်ဆန်အောင် အထောက်အကူ ဖြစ်လိမ့်မယ် သူ ယုံကြည် တဲ့ အကြောင်း မာယန် စထရိ ( Maryan Street) က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။