နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2010 - 23:05 GMT

အားလုံး ပါဝင်လို့ မရအောင် ဥပဒေနဲ့ ကန့်သတ်တာ စိတ်ပျက်မိ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး

လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ အဖြစ် ဧပြီလမှာ စတင် တာဝန်ယူမဲ့ ဂျပန် သံအမတ်ကြီးက အခုလုပ်မဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတရုံသာမက အားလုံးပါဝင်နိုင် အောင်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

လောလောဆယ် ဒီလအတွင်း ကျင်းပမဲ့ လုံခြုံရေး ကောင်စီရဲ့ အရေးတကြီး ဆွေးနွေးရမဲ့ ကိစ္စမှာတော့ မြန်မာ့အရေး မပါဝင်ဘူးလို့ သံအမတ်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ လုံခြုံရေးကောင်စီမှာ မြန်မာ့ အရေးဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက အဆိုပြုခဲ့ပေမဲ့ တရုတ်က ပြည်တွင်းရေးအဖြစ် ပယ်ချခဲ့ပါတယ်။

အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် က ရွေးကောက်ပွဲ မှတ်ပုံမတင် ဖို့ဆုံးဖြတ် လိုက်ပြီးနောက် စစ်အစိုးရ အနေနဲ့ အားလုံးပါဝင်ပြီး အများယုံကြည် လက်ခံနိုင်တဲ့ ရွေးကောက် ပွဲမျိုးဖြစ်အောင် ဂျပန်အစိုးရ အနေနဲ့ ဆက် လက် ဖိအားပေး သွားမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်သံအမတ်ကြီးက နယူးယောက်မြို့မှာ သတင်းထောက် တွေကို ပြောကြား သွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။