မြန်မာ အာဏာပိုင်တွေက သရက် ထောင်မှာ အကျဉ်းချထားတဲ့ လူငယ် ရှေ့နေ ကိုဖိုးဖြူကကို သောကြာနေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

အဓမ္မ လုပ်အားခိုင်းစေမှု ဆက်ရှိနေတယ်လို့ ILO ပြော
သူဟာ အဓမ္မ လုပ်အား ခိုင်းစေမှုနဲ့ ပတ်သက်ပြီး အိုင်အယ်အို ကို တိုင်ကြားခဲ့လို့ အဖမ်းခံခဲ့ရတဲ့ မကွေးတိုင်း က တောင်သူ တွေ ရဲ့ အမှုမှာ ဉပဒေ အရ လိုက်ပါ ဆောင်ရွက် ပေးစဉ် ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
မူလက ပြစ်ဒဏ် လေးနှစ် ချမှတ် ထားတဲ့ ကိုဖိုးဖြူရဲ့ အမှုကို ဖေဖော်ဝါရီလ တုန်းက နေပြည်တော် တရားသူကြီးချုပ်ရုံးက ပြန်လည်ကြားနာ ပြီး တဲ့ နောက် သုံးနှစ် ပြစ်ဒဏ် လျှော့ ပေးလိုက်တာပါ။
ထောင်ထဲ မှာ တစ်နှစ် နေခဲ့ရပြီး ဖြစ်လို့ အခု ပြစ်ဒဏ် လျှော့ ပေါ့ ပေးမှု အရ လွတ်ရက်စေ့ပြီး ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို လွှတ်ပေးတဲ့ အပေါ် မြန်မာ နိုင်ငံ ဆိုင်ရာ အိုင်အယ်အို ဌာနေ ကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှယ်လ်က အပြုသဘော ဆောင်တဲ့ လုပ်ရပ် အဖြစ် ကြိုဆို တယ်လို့ ပြောပါတယ်။
မြန်မာ အာဏာပိုင်တွေက အဓမ္မ လုပ်အား ခိုင်းစေမှု ပပျောက်ရေး ကြိုးပမ်း ဆောင်ရွက် နေတဲ့ လက္ခဏာ တွေ ရှိနေပေမဲ့ လမ်းတံတား တည်ဆောက်ရေး နဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေး တွေမှာ အသုံး ပြုနေတာ တွေ ရှိနေသေးတယ်လို့ အိုင်အယ်အို က ပြောပါတယ်။
ရှေ့နေ ကိုဖိုးဖြူ ကတော့ အိုင်အယ်အိုနဲ့ မြန်မာ အစိုးရကြား သဘောတူညီချက် တွေ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ရေးထိုး ထားခဲ့ တာ အများကြီး ရှိပေမဲ့ အဲဒါတွေကို တကယ် လက်တွေ့ ကျင့်သုံးခြင်း မရှိတာ ဘူးလို့ ပြန်လွတ်လာ တဲ့ နေ့မှာပဲ ဝေဖန် ပြောဆိုပါတယ်။
ဒါကြောင့် အကျဉ်းထောင်တွေ ထဲကနေ လွတ်လာ တယ် ဆိုရာမှာ လူတွေ ထောင်ထဲက ထောင်ပြင် ရောက်လာ တာသာ ဖြစ်ပြီး ရသင့် ရထိုက်တဲ့ အခွင့် အရေး ကို တော့ ကျင့်သုံးနိုင်ခွင့် မရှိသေးဘူးလို့ လည်း ရှေ့နေ ကိုဖိုးဖြူက ဘီဘီစီကို ပြောပါတယ်။

