နောက်ဆုံး ရေးသားချိန် 1 မတ်လ 2010 - 02:11 GMT

မြန်မာနိုင်ငံ တွင်းမှ AH1N1 အခြေအနေ

မြန်မာနိုင်ငံတွင်း ကမ္ဘာ့လူတုပ်ကွေး ခေါ် ဝက်တုပ်ကွေး အခြေအနေ

A H1N1

A H1N1 ကာကွယ်ဆေး ထိုးဆေး

မြန်မာနိုင်ငံတွင်း ကူးစက်ပျံ့နှံ့ နေတဲ့ A H1N1ဝက်တုပ်ကွေး ခေါ် ကမ္ဘာ့လူ တုပ်ကွေး ရောဂါကို ကျန်းမာရေး ဌာနက စောင့်ကြည့် ကုသမှု ပြုပေမယ့် ကျန်းမာရေး အသိပညာ ပေးမှု အားနည်းနေတယ် လို့ ကြားရပါတယ်။

အခုရက်ပိုင်း အတွင်းမှာတင် သံလျင် ဂျီတီစီ အစိုးရ နည်းပညာ ကောလိပ်မှာ ကျောင်းသူတဦး ကူးစက်ခံရ ပြီး ဆေးရုံတင်ထား ပေမယ့်၊ တခြားကျောင်းသားတွေနဲ့ ကျောင်းသားမိဖ တွေသိခွင့် မရကြပါဘူး။

ဆရာ၊ ဆရာမတွေ နှာခေါင်းစည်း တွေတပ်ဆင် ထားမှ စုံစမ်း သိရှိရပုံ ကို ကျောင်းသားမိဖ တွေက ဘီဘီစီ ကို ပြောပြပါတယ်။

ကျောင်းအာဏာပိုင်တွေကလည်း ဒီကိစ္စ ကို သိုသိုသိပ်သိပ် ဖြေရှင်းလိုပုံ တွေ့ရပါတယ်။

လေထုထဲက တဆင့် ပျံ့နှံ့တဲ့ ဒီဗိုင်းရပ်စ် ကို ကာကွယ်ဖို့ ဓါတ်ခွဲခန်းသုံး မျက်နှာဖုံး၊ သန့်ရှင်းတဲ့ နှာခေါင်းစည်း၊ လက်ကို စင်ကြယ်အောင် ဆေးဖို့ စတာတွေကို ကူးစက်ခံရတဲ့ နယ်မြေက ပြည်သူတွေ မသိတာ များပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝဝ၉ ခုနှစ်က စတင် ကူးစက်ခံရသူပေါင်း ၆၉ ဦးရှိပြီး ဒီနှစ်ထဲမှာ ကူးစက်ခံရသူ၊ သံသယ ရှိလို့ စောင့်ကြည့် ခံရသူ ပေါင်း ၁ဝဝ ကျော် နေပါပြီ။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။