နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2010 - 18:41 GMT

၂၀၀၇ သံဃာ့အရေးအခင်း

မီဒီယာ ပလေးယား

အပိုင်း နှစ်

၂၀၀၇ သံဃာ့အရေးအခင်း

၂၀၀၇ သံဃာ့အရေးအခင်း

မြန်မာ့သမိုင်းမှာ မကြုံစဖူးလောက်အောင် ထောင်သောင်းချီတဲ့ သံဃာတော်တွေ ၂၀၀၇ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ လမ်းတွေပေါ်ထွက် မေတ္တာပို့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

လောင်စာဆီစျေးတွေ မကြေငြာပဲ မြှင့်လိုက်တာကြောင့် အခက်အခဲ ကြုံနေကြရတဲ့ ပြည်သူလူထုကြီး ကိုယ်စား ဒီအခက်အခဲကို ဖြေရှင်းပေးဖို့ သံဃာတော်တွေက တောင်းဆိုပေးခဲ့ကြတာပါ။

ပခုက္ကူမြို့မှာ မေတ္တာပို့ လမ်းလျှောက်နေတဲ့ သံဃာတော်တွေကို လုံခြုံရေးတပ်တွေက အတင်းဝင်ရိုက် လူစုခွဲခဲ့ရုံမက ဖမ်းမိတဲ့ သံဃာတချို့ကို လမ်းဘေးဓာတ်တိုင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်တဲ့ အထိ လုပ်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တောင်းပန်ဖို့ သံဃာတွေရဲ့ တောင်းဆိုချက်တွေကိုလည်း အစိုးရ အာဏာပိုင်တွေက လစ်လျူရှုရုံမက ပိုပြီးတောင် ရက်ရက်စက်စက် ဖိနှိပ်ခဲ့ပါတယ်။

အဲဒီ သမိုင်းဝင်ဖြစ်ရပ်ကြီးနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ခဲ့သူ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ပြောပြချက် မှတ်တမ်းတွေကို နားဆင်ကြရမှာပါ။

ကိုမင်းထက် စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။