နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2010 - 18:02 GMT

ငြိမ်းချမ်းရေး ဂြိုဟ်မှ တမန်တော်

မီဒီယာ ပလေးယား

အပိုင်း သုံး၊ ဇာတ်သိမ်းခန်း

ငြိမ်းချမ်းရေး ဂြိုဟ်မှ တမန်တော်

ငြိမ်းချမ်းရေး ဂြိုဟ်မှ တမန်တော် (ပန်းချီ ထိန်လင်း)

မြူမှုန်တစ်မှုန်ထက် အဆတစ်သန်း သေးငယ်တဲ့ ဂန်ဂန်ဆိုတဲ့ ဂြိုဟ်သားလေး တစ်ယောက် ကမ္ဘာမြေပေါ် ရောက်လာ ပါတယ်။ မိုနိုလော့ တိုင်းပြည်ကြီးမှာ နေထိုင်တဲ့ ဆွေးနွေး အဖြေရှာဖို့ ဝန်လေး နေကြတဲ့လူတွေကို ဆွေးနွေးချင် လာအောင် ဂန်ဂန်က လူတွေရဲ့

ဦးဏှောက်ထဲ ဝင်ပြီး လူတွေရဲ့စိတ်ကို ပြောင်းလဲ လာအောင် ကြိုးစားပါတယ်။ ဒါပေမယ့် လူတွေကတော့ ဂန်ဂန် ရောက်လာ တာကို သတိမထားမိကြပါဘူး။

ဂန်ဂန်ရဲ့ ဆောင်ရွက်ချက်တွေကို နောက်ကနေ ကူညီအကြံပေး လမ်းညွှန်နေတာက ငြိမ်းချမ်းရေး ဂြိုဟ်ပေါ်က ဂြိုဟ်မှူးကြီး ဘကြီးမုန်းပါ။

ဘကြီးမုန်းရဲ့ လမ်းညွှန်ချက်နဲ့ လှုပ်ရှားနေရတဲ့ ဂန်ဂန်ဟာ လယ်သမားကြီးခေါင်းထဲ ရောက်လိုရောက်၊ ဂေါပကလူကြီး ခေါင်းထဲ ရောက်လိုရောက်၊ ဟစ်ဟော့ပ် အဆိုတော် သာကူဆီ ရောက်လိုရောက်၊ ရုပ်ရှင်မင်းသမီး နိုကီရာဆီ ရောက်လိုရောက် ကပေါက်တိ ကပေါက်ချာ ဖြစ်ချင်ရာတွေ ဖြစ်ကုန်ပါတော့တယ်။

ဆွေးနွေးရေးအလုပ်ဖြစ်ဖို့ ဘုရင်ကြီး ခေါင်းထဲရောက်အောင်သွားရမယ်လို့ ဘကြီးမုန်းက ဆိုနေပါတယ်။ ဒါပေမယ့် ဂန်ဂန်တစ်ယောက်က သွားချင်ရာ မရောက်ဘဲ ရောက်ချင်ရာ ရောက်ပြီး၊ အကြီးအကျယ် အခက်တွေ့ပြန်ပါရော။

နောက်ဆုံးတော့ .........

ဂန်ဂန်တစ်ယောက် ဘုရင်ကြီးဆီရောက်မှာလား။ ဘကြီးမုန်းဖြစ်ချင်တဲ့ ဆွေးနွေးရေးကရော ဖြစ်လာနိုင်ပါ့မလား။

ဘုရင်ကြီးက ဒီလောက်တောင် မဆွေးနွေးနိုင်ဖြစ်နေတာကရော ဘာ့ကြောင့်များပါလိမ့်။

အပိုင်းသုံး ဇာတ်သိမ်းခန်းကို ဒီမှာ နားဆင်နိုင်ပါတယ်။

ဘီဘီစီ ဝိုင်းတော်သားတွေ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။