နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2010 - 15:11 GMT

၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ အနာဂတ် အပိုင်းတစ်

မီဒီယာ ပလေးယား

၂၀၀၈ ခုနှစ် မေလမှာ လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုခဲ့ ကြတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်းကို ''ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အနာဂတ်'' အထူးအစီအစဉ် ဆိုပြီး အပိုင်း ၆ ပိုင်းခွဲပြီး တင်ဆက် ပေးထား ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဘာလဲ၊ ဘယ်လို အကြောင်းအရာတွေကို ပြဌာန်းထားသလဲ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကောင်းတခုရဲ့ အင်္ဂါရပ်တွေက ဘာတွေလဲ စတဲ့ အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံ လေ့လာတင်ပြထားတာ ဖြစ်ပါတယ်။

အပိုင်းတစ် : ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အနက် အဓိပ္ပါယ်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေရဲ့ ကောင်းကျိုးဆိုးကျိုး တွေနဲ့ အနာဂတ် သက်ရောက်မယ့် အကြောင်းတွေကို ပညာရှင်တွေက ရှုမြင် သုံးသပ်ထားပါတယ် ။

''ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာက နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေး တွေကို ထိပါးလာရင် ၊ ကာကွယ် စောင့်ရှောက်နိုင်မယ့် လွတ်လပ်တဲ့ တရား စီရင်ရေးလို ဟာမျိုးတွေကို အားကောင်းကောင်းနဲ့ ပြဌာန်း ပေးထားပြီး အဲဒီလို အခြေခံမျိုးနဲ့ ပြင်ဆင် ပြဌာန်းပေးထားတဲ့ အရာမျိုးကိုမှ သာလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ခေါ်ပါတယ်'' ဆိုပြီးပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေ အတွင်းရေးမှူး ဥပဒေ ပညာရှင် ဦးအောင်ထူး က အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

'' ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှစ်မျိုးနှစ်စား ရှိပြီး တစ်မျိုးကတော့ အုပ်ချုပ်ခံ ပြည်သူ အောက်ခြေထုက အထက်လွှာ သက်ဦးဆံပိုင် အာဏာရှင်တွေ သို့တည်းမဟုတ် နိုင်ငံတခုကို ထူထောင်ဖို့ အတွက် ကြိုးစားနေတဲ့ သူတွေကို အောက်ကနေ တင်ပြပြီးတော့ အတည်ဖြစ်လာတဲ့ အောက်ကနေ အထက်ကို ဆန်တဲ့ပုံစံ။ နောက်တစ်မျိုး ကတော့ အပေါ်က အုပ်ချုပ်တဲ့ အာဏာပိုင်တွေက အောက်က အုပ်ချုပ်ခံ ပြည်သူတွေကို ချပြတဲ့ ပုံစံ ၂ မျိုးရှိပါတယ်။ ဒုတိယ အမျိုးအစားကိုတော့ အာဏာရှင် တိုင်းပြည်တွေမှာ အများဆုံး တွေ့ရပါတယ် ။ အခု မြန်မာပြည်က အခြေခံ ဥပဒေဟာ ဒုတိယ ပုံစံ သဘော သက်ဝင် နေပါတယ် '' လို့ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက ပြောပါတယ် ။

သာမန်ပြည်သူလူထုအနေနဲ့ရော ဖွဲ့စည်းပုံဥပဒေကို ဘယ်လို နားလည်ထားကြပါသလဲ၊ ဦးဘမော် စုစည်းတင်ပြထားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။